Friday 28 July 2017

အနုပညာသည်ဆန်းကျယ်လှပါသည်။အနုပညာသဘောသည် လူ့ သားတို့ အတွက် တဖြည်းဖြည်းတိုးတက်ပြောင်းလဲနေတယ်ဆိုတာတော့မငြင်းနိုင်တာသေချာသည်။ 

အနုပညာသည်အနုပညာသမားအတွက်
အနုပညာသည် ပြည်သူ့ အတွက်
အနုပညာသည် ခံစားမှုအတွက်
အနုပညာသည် ခံစားရန်အတွက်

အနုပညာသည် အားလုံးအတွက်လို့ ဆိုနိုင်လောက်အောင် အနုပညာကိုလူတိုင်းမြတ်နိုးခံစားရင်း အမျိုးမျိုးဖွင့်ဆိုနေကြသည်။ လူတိုင်းသည်မိမိနှစ်သက်ရာအနုပညာကိုလေ့လာရင်း ခံစားရင်း စီးမျှောရင်း ဖန်တီးရင်း ကျေနပ်နေကြပါတယ်။ 

ဘဝအမောတွေခဏတာပြေပျောက်အောင် အနုပညာသည်လူသားတို့ အတွက် အသုံးချခံပစ္စည်းတစ်ခုအဖြစ်ကူညီနေသည်ဆိုလျှင်မမှားနိုင်ဟုကျွန်တော်ထင်ပါတယ်။ အနုပညာထဲတွင်ခရီးသွားခြင်းကိုထည့်သွင်းလိုက်လျှင်မှားမည်မထင်ပါ။ အနုပညာသည် ခံစားမှု ကြည်နူးမှုစတဲ့ ရသတွေများစွာပေးစွမ်းသလို ခရီးသွားခြင်းသည်လည်း ရသများစွာခံစားနိုက်တာတွေ့ ရပါတယ်။ 


ခရီးသွားရင်းတွေ့ မြင်နေရသော အမျိုးမျိုးသော လူသားတို့၏အသွင်အပြင်နှင့် သဘာဝရှုခင်းအလှအပ လူသားတို့ ဖန်တီးထားသော ဘုရားစေတီဘုထိုး အဆောက်အဦများ ယဉ်ကျေးမှုဆိုင်ရာဗိသုကာအဆောက်အဦများ သမိုင်းဆိုင်ရာနေရာများတွေ့ မြင်ပြီးခံစားမှု ကြည်နူးမှုရသများရနိုင်သလို သဘာဝကဖန်တီးပေးထားသော သဘာအလှတောတောင်ရှုခင်းများကို တွေ့ မြင်ပြီး ရင်သပ်ရှုမောကြည်နူးများကို တွေ့ မြင်ခံစားရမှာမလွဲပါ။ 


ထိုသို့ တွေ့ မြင်နေရခြင်းသည်ပင် လူ့ လောက ကမ္ဘာကြီးက ဖန်တီးထားသော အနုပညာတစ်ခုကိုမိမိကိုယ်တိုင်ဖန်တီးခံစားနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ခရီးသွားရင်းအနုပညာတစ်ခုကို မိမိကိုယ်တိုင်ဖန်တီးခံစားကြည့်စေချင်ပါတယ်ခင်ဗျာ။

Sunday 23 July 2017

ခရီးသွားခြင်းသည် လူ့ လောကအလှကို ခံစားလေ့လာခြင်းဖြစ်ပြီးမိမိဘဝအတွက် အတွေ့ အကြုံကောင်းများနှင့်ခံစားမှုပေါင်းများကိုဖြစ်ပေါ်စေနိုင်တယ်

လွမ်းဆွေးမှုတွေ ဖိစီးမှုတွေ ပင်ပန်းမှုတွေ နွမ်းနယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ဘဝကနေခဏတာပြေးထွက်ပြီး အပျော်ခရီးတစ်ခုသွားကြည့်ပါ။ ခံစားမှုတစ်ခု ကြည်နူးမှုတစ်ခုကသင့်အတွက်အဖြေတခုဖြစ်နေမှာပါ။

Saturday 22 July 2017

ခရီးသွားခြင်းသည်စိတ်ကိုခံစားမှုရသပေးသလို
အနုပညာဆိုတာကလည်းခံစားမူရသပေးတာကြောင့်ခရီးသွားခြင်းသည်အနုပညာတစ်ခုကိုမိမိကိုယ်တိုင်ဖန်တီးခံစားခြင်းပါပဲ
Golden Ayeyarwaddy
09257573939 / 09797393939

Thursday 20 July 2017

21.7.17
ယ​နေ့မွန်​ပြည်​နယ်​ ကျိုက်​ထိုမြို့
Credit.Zin Moe









21.7.17
ယ​နေ့မွန်​ပြည်​နယ်​ ကျိုက်​ထိုမြို့
Credit.Zin Moe









Yangon, 

cosmopolitan city of Myanmar, still maintains its colonial charm with wide, tree-lines avenues, tranquil lakes and gracious turn-of-the-century architecture. The magnificent Shwedagon Pagoda dominates the city skyline, while at the street level Yangon is a paradise for hunting out a variety of exotic arts and crafts. History lovers will want to pore over the National Museum or the Bogyoke Aung San Museum. At night Chinatown comes alive with pungent aromas and delicious street food. 

Wednesday 12 July 2017

တောင်ကွဲစေတီ

ကယားပြည်နယ်ရှိ အထင်ရှားဆုံးသော နေရာလေးတခုအဖြစ် တည်ရှိနေပါသည်။ ချိုင့်ဝမ်းဒေသလေးအတွင်းတည်ရှိနေပြီး ရှေးယခင်က သွားလာရခက်ခဲလွန်းလှသဖြင့် လူသူအရောက်နည်းလှပါသည်။ ယခင်က ကယားပြည်နယ်သို့ သွားရန်အတွက်လေယာဉ်တခုတည်းကိုသာ အားကိုးနေရသဖြင့် သိသင်သလောက် မသိ၊ ထင်ရှားသင့်သလောက်မထင်ရှားခဲ့ရသော မြန်မာပြည်၏ ဆွဲဆောင်မှုရှိနေသော နေရာလေးတခု ဖြစ်ရပါသည်။

အခုအခါမှာတော့ ကားလမ်းပိုင်းပါ အထူးကောင်းမွန်လှသောကြောင့် နွေ ၊ မိုး၊ ဆောင်း ကာလ ၃ ပါးလုံး သွားရောက်လည်ပတ်ရရျိနေပြီဖြစ်ပါသည်။ အခြားနည်းဖြင့် သွားရောက်လိုပါကလည်း လေယာဉ်ဖြင့် သွားရောက်နိုင်ပြီး နေ့စဉ် သွားရောက်နိုင်ပြီ ဖြစ်ပါသည်။

လွိုင်ကော်ဒေသလေးသည် ချစ်စရာကောင်းလှပြီး သွားရောက်လည်ပတ် လေ့လာစရာများ များစွာတည်ရှိနေပါသည်။ ထို့အပြင် တိုင်းရင်းသား လူမျိုးစုများ တည်ရှိနေပြီး စိတ်ဝင်စားဖွယ် နေထိုင်စားသောက်မှုများကို အနီးကပ်လေ့လာခွင့် ရရှိပါသဖြင့် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်လေးဖြစ်မှာကိုလည်း ယုံမှားဖွယ်မရှိ ဖြစ်ရပါသည်။

တောင်ကွဲစေတီ၊ မြို့နံစေတီ၊ လက်ဝါးတောင်စေတီ၊ မြသပိတ်စေတီ စသဖြင့် ထင်ရှားသော စေတီဘုရားများအပြင် ကန်ခုနှစ်ဆင့်၊ ထီးပွင့်ကန်၊ ငွေတောင်ဆည်၊ မိုးဗြဲဆည် အစရှိသည့် သဘာဝအလှတရားများကလည်း အထူးစိတ်ဝင်စားဖွယ်နေရာများအဖြစ် သွားရောက်လည်ပတ်သူတို့၏စိတ်ကို ဆွဲဆောင်လျှက်ရှိပါသည်။

သဘာဝအတိုင်းတည်ရှိနေသော လှိုဏ်ဂူများလည်းရှိနေပြီး ကြက်ဂူမှာတော့ သမိုင်းရာဇ၀င်များ ၊ ဆန်းကြယ်လှသော ဇာတ်လမ်းများနှင့် စိတ်ဝင်စားဖွယ် လှိုဏ်ဂူတွင်းရှိ သဘာဝတရားများကတော့ ကျွန်တော့်အတွက်ရင်အခုန်ဆုံးဇာတ်လေးဖြစ်ရပါသည်။ ထို့အတူ လွယ်တမူဂူကလည်းဆွဲဆောင်မှုတမျိုးအနေဖြင့် အ၀င်ဝမှနေပြီး အတွင်းကို လှေကထစ်လေးများအတိုင်းဆင်းပြီး သွားရောက်လေ့လာခဲ့ရပါသည်။

ပန်ပတ်ရွာခရီးစဉ်လေးကတော့ မိမိနိုင်ငံတွင်းနေထိုင်နေသော တိုင်းရင်းသားမျိုးနွယ်စု တစ်စုဖြစ်သော ပဒေါင်လူမျိုးတို့နေထိုင်ရာ ရွာလေးဖြစ်သော်လည်း ကမ္ဘာလှည့် နိုင်ငံခြားသားဧည့်သည်များပင် လာရောက်လည်ပတ်လေ့လာရသည့်အထိ ထင်ရှားကြော်ကြားရသည်ကတော့ နိုင်ငံသားတစ်ဦးအဖြစ် ဂုဏ်အယူရဆုံးဖြစ်ရပါတော့သည်။

အခြားထင်ရှားသော နေရာလေးများလည်းတည်ရှိနေသေးပြီး နောင်ယားကန်လေးကလည်း သွားရောက်လည်ပတ်ချင်စရာ ဖိတ်ခေါ်လျှက်ပါ။ နေရာဒေသတခုတွင် တမျိုးဖြင့် နံမည်ကျော်ကြားလှသော စားကုန်သောက်ကုန်များထဲမှ လွိုင်ကော်ဒေသ ထွက်ကုန်လေးကတော့ ကယားဝက်အူချောင်းနှင့် ကယားခေါင်ရည်လေးကတော့ ကျွန်တော်အတွက် ခေါင်းမဖေါ်နိုင်အောင် စားသောက်ခဲ့ရသော အစာများဖြင့် အကြိမ်ကြိမ်မှတ်မိနေပြီး အခုချိန်ထိ ရန်ကုန်မြို့သို့ #မိုးကောင်းကင်ကယားဝက်အူချောင်း ကိုအရသာရှိရှိ မှာစားနေရတုန်းဖြစ်ပေသည်။

ထီးစဲခါးရေတံခွန်ကလည်း သွားရောက်လည်ပတ်သင့်သောနေရာဖြစ်ပြီး မိုးဗြဲမြို့ရှိ ဘုန်းကြီးကျောင်းအတွင်းရှိ ငါးကြီးများကလည်း ကုသိုလ်ြ့ပုလိုသူတို့အကြိုက်နေရာလေးအဖြစ် ဖိတ်ခေါ်လျှက်။

ကားဖြင့်သွားရောက်မည့်သူတွေအတွက် အသွားအပြန် သဘာဝရှု့ခင်းများက အကွေ့အကောက်လေးများအတိုင်း သူ့နေရာနှင့် သူ ၊ သူ့အလှနှင့် သူ အပြိုင် တည်ရှိနေပြီး မရောက်ရှိသေးသောသူများအဖို့ သွားရောက်လည်ပတ်ဖို့ နှင့် လမ်းညွှန်ပေးဖို့ ကယားပြည်နယ်ကြီးကိုယ်စား ဖိတ်ခေါ်လျှက်

ကိုရဲ
Golden Ayeyarwaddy
09257573939

Monday 10 July 2017

ကလောမြို့လေးဟာ
အရမ်းအေးချမ်းပြီး ရှူခင်းတွေ အရမ်းလှမယ်ဆိုတာ လူတိုင်းသိကြပြီးသားပါခင်ဗျာ၊ သန့်ရှင်းတယ်။ အေးချမ်းတယ်၊ ဒေသခံ ရှမ်းမလေးတွေက ပျူငှာဖော်ရွေပြီး ရောက်ရှိခြေချမိတာနှင့် သန့်ရှင်းလတ်ဆတ်သောလေနုအေးလေးတွေက အရင်ဦးဆုံးခရီးဦးကြိုဆိုမှာဖြစ်ပါတယ်ခင်ဗျာ။ ဝန်ထမ်းများပြီး လူတွေကလဲ အေးအေးချမ်းချမ်းနေကြတယ်။
နိုင်ငံခြားသားတွေ အများဆုံး လာလည်ပတ်ကြပြီး သူတို့အကြိုက် တောတွင်းခရီးလမ်း တွေလဲရှိပါတယ်။ အခုနောက်ပိုင်း Domestic Tourism အဖြစ် သွားရောက်လည်ပတ်မှုများ မြင့်တက်လာပြီး၊ အပူရှောင်လိုသော မိဘပြည်သူများ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသော ခရီးသွားချစ်သူများတို့အကြိုက်နေရာလေးတခုဆိုရင်လည်း မမှာပါဘူး ခင်ဗျာ။
ခရီးသွားဖို့စိတ်ဝင်စားဖွယ်ကောင်းသောနေရာများအဖြစ် နှီးဘုရား၊ မြင်းမထိလှိုဏ်ဂူ၊ ရွှေဥမင်လှိုဏ်ဂူ၊ ကလောဘူတာ၊ ကလောမြို့မဈေး၊ ညအိပ်တောတွင်းလမ်းလျှောက်ခရီးစဉ်များ နှင့် အခြားဘာသာရေးအဆောက်အဦးများတို့ဖြစ်ပြီး စိတ်ဝင်စားဖွယ် ဒေသခံတို့၏ ဓလေ့မှာလည်း အပါအ၀င်ဖြစ်ပါသည်။
အေးချမ်းသာယာလှသော ဒေသလေးကိုသွားရောက်လည်ပတ်ဖို့ ဒေသခံများကိုယ်စား တိုက်တွန်းဖိတ်ခေါ်ပါရစေ ခင်ဗျာ။



၁၀၀၀၀ ကျော်လောက်ကနေ ဒေါ်လာ ၂၀၀ တန်လောက်ထိ ရှိပါတယ်။ 

Pine Land Oasis – 50000 Kyats~60000 Kyats , Ph- 08150893, 08150894
Kalaw Heritage (Kalaw Hotel ) – မြန်မာနိုင်ငံမှာ ဒုတိယမြောက်ဖွင့်တဲ့ဟိုတယ်။
Royal Kalaw Hill – around 150$ and 200$, အရမ်းလှတယ်။ ဖုန်း - 081-50191
Nature Land (2) – 40,000 Kyats, ဘန်ဂလိုပုံစံ , ဖုန်း - 09-43140084, 081-50545
Morning Glory – 45000 Kyats, ဖုန်း - 081-50847
Pine Wood – 40000-45000 Kyats လှတယ်တဲ့၊ ဖုန်း - 09-5103370
Pine Breeze – 25000- 35000 Kyats၊ ဖုန်း -
Golden Wing – 35000 – 45000 Kyats၊ ဖုန်း-
Dream Mountain Resort – Around 75000 kyats ၊ ဖုန်း 09-36019381
Essence Hotel – 45,000 Kyats, ဖုန်း - 09770 492997
ကိုရဲ
Golden Ayeyarwaddy
09257573939
#Goldenayeyarwaddy
#Travel