Friday 28 July 2017

အနုပညာသည်ဆန်းကျယ်လှပါသည်။အနုပညာသဘောသည် လူ့ သားတို့ အတွက် တဖြည်းဖြည်းတိုးတက်ပြောင်းလဲနေတယ်ဆိုတာတော့မငြင်းနိုင်တာသေချာသည်။ 

အနုပညာသည်အနုပညာသမားအတွက်
အနုပညာသည် ပြည်သူ့ အတွက်
အနုပညာသည် ခံစားမှုအတွက်
အနုပညာသည် ခံစားရန်အတွက်

အနုပညာသည် အားလုံးအတွက်လို့ ဆိုနိုင်လောက်အောင် အနုပညာကိုလူတိုင်းမြတ်နိုးခံစားရင်း အမျိုးမျိုးဖွင့်ဆိုနေကြသည်။ လူတိုင်းသည်မိမိနှစ်သက်ရာအနုပညာကိုလေ့လာရင်း ခံစားရင်း စီးမျှောရင်း ဖန်တီးရင်း ကျေနပ်နေကြပါတယ်။ 

ဘဝအမောတွေခဏတာပြေပျောက်အောင် အနုပညာသည်လူသားတို့ အတွက် အသုံးချခံပစ္စည်းတစ်ခုအဖြစ်ကူညီနေသည်ဆိုလျှင်မမှားနိုင်ဟုကျွန်တော်ထင်ပါတယ်။ အနုပညာထဲတွင်ခရီးသွားခြင်းကိုထည့်သွင်းလိုက်လျှင်မှားမည်မထင်ပါ။ အနုပညာသည် ခံစားမှု ကြည်နူးမှုစတဲ့ ရသတွေများစွာပေးစွမ်းသလို ခရီးသွားခြင်းသည်လည်း ရသများစွာခံစားနိုက်တာတွေ့ ရပါတယ်။ 


ခရီးသွားရင်းတွေ့ မြင်နေရသော အမျိုးမျိုးသော လူသားတို့၏အသွင်အပြင်နှင့် သဘာဝရှုခင်းအလှအပ လူသားတို့ ဖန်တီးထားသော ဘုရားစေတီဘုထိုး အဆောက်အဦများ ယဉ်ကျေးမှုဆိုင်ရာဗိသုကာအဆောက်အဦများ သမိုင်းဆိုင်ရာနေရာများတွေ့ မြင်ပြီးခံစားမှု ကြည်နူးမှုရသများရနိုင်သလို သဘာဝကဖန်တီးပေးထားသော သဘာအလှတောတောင်ရှုခင်းများကို တွေ့ မြင်ပြီး ရင်သပ်ရှုမောကြည်နူးများကို တွေ့ မြင်ခံစားရမှာမလွဲပါ။ 


ထိုသို့ တွေ့ မြင်နေရခြင်းသည်ပင် လူ့ လောက ကမ္ဘာကြီးက ဖန်တီးထားသော အနုပညာတစ်ခုကိုမိမိကိုယ်တိုင်ဖန်တီးခံစားနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ခရီးသွားရင်းအနုပညာတစ်ခုကို မိမိကိုယ်တိုင်ဖန်တီးခံစားကြည့်စေချင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment