နေ၀င်ဆည်းဆာကို ကမ္ဘာအရပ်ရပ်က လာရောက်ကာ ရှု့ငေးခံစားကြသည်ကို
လူတိုင်း တွေ့ဖူး မြင်ဖူးကြပေမည်။ ဘာကိုကြည့်ပြီး
ဘာကို ခံစားသည်ဆိုသည်ကို ငယ်စဉ်က တခါမှ မစဉ်းစားမိ။ ခေတ်အဆက်ဆက် ကဗျာဆရာ၊ အနုပညာရှင်များကလည်း
အမှတ်တရဆည်းဆာကို ခံစားတင်ပြရင်း အသက်သွင်းခဲ့ကြသည်။
ခရီးသွားခြင်းအကြောင်းတွေရေးနေကြတော့ ဖတ်နေရင်းကို
ထသွားချင်လိုက်တာ။ သဘာဝအလှလေးတွေနဲ့ယှဉ်ပြီး ရေးကြ၊ ဓါတ်ပုံရိုက်တင်ကြနဲ့ ကိုယ်ရောက်နေသလို
ခံစားရမိပြန်ရော။ တခါတလေ ကိုယ်သွားပြီးသားနေရာလေးတွေကို ပြန်ဖတ်ရတော့လည်း အပျော်လေးတွေပြန်ဝဲလာတာပေါ့နော်။
တင်ပြပုံလေးတွေ ကလည်း တကယ်ကိုကောင်းတာကိုး။ ခရီးသွားခြင်းအနုပညာကိုတော့ တင်ဆက်ပုံ ကောင်းလာတော့
အရင်ထက် ပိုခရီးရောက်လာသည်မှာ အမှန်ပင်။ ခရီးသွားလုပ်ငန်း အောင်မြင်လာလျှင် ဒေသခံပြည်သူ
များအားလုံးလည်း အပိုဝင်ငွေတိုးတက် လာသလို နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေ တိုးတက်လာမည်မှာအမှန်ပင်။
Tactic and Strategy ကောင်းကောင်းပြင်ထားဖို့တော့ လိုပေမည်။
မှတ်မှတ်ရရ ခရီးသွားလာရင်းဖြင့် ညနေဆည်းဆာကို သတိတရဖြင့်
အချိန်ပေးကာ ခံစားကြည့်မိသည်။ ကျွန်တော်သည်လည်း နှလုံးသားရှိသော လူသား တစ်ဦးဖြစ်နေတော့
အလှအပ အနုပညာကို ခံစားမိသည်။ မြို့ကြီးများတွင်တော့ ညနေ ဆည်းဆာချိန်သည် ရုံးပြန်၊ ကျောင်းပြန်၊
အလုပ်ပြန်ချိန်ဖြစ်နေတတ်ပါသည်။ အခုလို ကားတွေအရမ်းများလာသော အချိန်မှာတော့ နေ၀င်ချိန်ဆိုတာ
မြို့ပြအတွက် ခံစားစရာ ရသမြင်ကွင်းတခု မဖြစ်တော့ပေ။
ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ ဆိုသော ကဗျာဆရာ တင်မိုး၏ လက်ရာကလည်း ဘ၀ဆည်းဆာကို
အချက်ပြနေသလိုပင်။ လူတွေအကုန်လုံးမှာတော့ တာဝန်ကိုယ်စီဖြင့် ရှင်သန်နေကြရာ ဘ၀အမောများကို
ဖြေဆည်ဖို့ရာတော့ တခုမဟုတ် တခုရှာဖွေရပေမည်။ တချိန်တခါက မြိတ်ကျွန်းစုများသို့ ခရီးထွက်ခဲ့စဉ်ကတော့
ခံစားမှုက တမျိုးပင်။
ချောင်းသာ၊ ငွေဆောင်တို့ကဲ့သို့ ပင်လယ်ပြင်၏ညနေဆည်းဆာကို
ကြည့်ရှု့ခံစားရခြင်းမျိုး မဟုတ။် ကျွန်းတကျွန်းမှ တကျွန်းကူးလိုက်သန်းလိုက်ဖြင့် နောက်ဆုံးအိမ်ပြန်ခရီးကတော့
ပင်လယ်ပြင်ကြီးအတွင်းမှာပင် နေမင်းကြီးက တောင်စွယ်တွေကြားပေါ်လာလိုက်၊ ပျောက်သွားလိုက်နှင့်
အပြာရောင်ရေပြင်ကြီးကိုပင် လိမ္မော်ရောင်သွေးလိုက်၊ နီညိုရောင် ပတ်ဖြန်းလိုက်နှင့် တစ
တစ နှိမ့်ဆင်းလာသည်ကို ကြည့်ရတာ ဘယ်အလှနှင့်မျှမတူပေ။ ရွှေရောင်လွှမ်းသောအာကာပြင်ကြီးမှ
တိမ်ညို၊ တိမ်ပြာ၊ တိမ်လိမ္မော် တခုပြီးတခု လှချင်တိုင်းလှနေပါသည်။ ဓါတ်ဆရာများ အတွက်တော့
တချက်ပြီးတချက် တဖျတ်ဖျတ် ရိုက်ကာ အလုပ်ရှုပ်နေသလို အလှသမီးပျိုလေးများကတော့ မာယာများပြီး
ကျယ်ပြောလှသော ပင်လယ်ကြီးကိုပင် မေ့နေသလို ….
ပင်လယ်ဆိုတာကတော့ မလှုပ်မယှက် တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာ
မရှိပါဘူးနော်။ လှိုင်းအမျိုးမျိုးနဲ့ တတိတတိ တိုးနေတာကို တွေ့နေရမှာပါ။ ပေ ၂၀ လောက်မြင့်တဲ့လှိုင်းကို
သာမာန်အချိန်မှာ မမြင်တွေ့ရပေမယ့် မုန်တိုင်းချိန်မှာတော့ ပေ ၅၀ ဆိုတာ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဆူနာမီဆိုရင်တော့ ခံစားဖူးသူတွေ ပိုသိမယ်ထင်ပါတယ်ခင်ဗျာ။ ခရီးသွားလုပ်ငန်းအတွက် အစကောင်းမှ
အနှောင်းသေချာမှာဖြစ်ကြောင်းတင်ပြရင်း……..
ကိုရဲ
09257573939