Thursday 8 February 2018

ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြစ်တွေးငှက်များသားပေါက်ရာသီစတင်ပြီး အ

သိုက် ၁၁ သိုက်တွေ့

       မြန်မာနိုင်ငံတွင်သာမက ကမတွင်လည်း ရှားပါးလာသည့် River Tean (မြစ်တွေး) ငှက်မျိုး စိတ်

များကို ချင်းတွင်းမြစ်အထက်ပိုင်းတွင် သစ်တောဦးစီးဌာန သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင် ငံအစီအ

စဉ်)နှင့် ဒေသခံများပူးပေါင်းသားပေါက်ရာသီတွင် အသိုက်များမပျက်စီးအောင် မှတ်တမ်း တင် ထိန်းသိ

မ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၁၇ ခုနှစ် သုတေသနပြုလုပ်ချက်အရ ၄၁ သိုက်ကို တွေ့ရှိထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပြီး 

သားပေါက်ရာသီအပြီးတွင် မျိုးပွားမှု ၄၀ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့သည်။ ခနီးနှင့် ဟုမလင်း ကြားဒေသသ

ည် မိတ်လိုက်မျိုးပွားရာဒေသနှင့် သားပေါက်၊ အသိုက်ဆောက်ရာ အကောင်းဆုံးနေရင်း ဒေသများ လည်းြ

ဖစ်သည်။ ယခုနှစ်တွင် မြစ်တွေးငှက်များ သားပေါက်ရာသီ စတင်နေပြီး ဖေဖော်ဝါရီ ၂ ရက်အထိ အသိုက် 

၁၁ သိုက်ကိုတွေ့ရှိ ထိန်းသိမ်းစောင့်ရှောက်ထားကာ ထပ်မံ စာရင်းကောက် ယူနေဆဲ လည်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် မြစ်တွေးငှက်မျိုးစိတ်များသည် ၂၀၁၇ သုတေသနပြုလုပ်ချက်များအရ ယင်း တို့ 

အဓိက ကျက်စားသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်ခုပေါင်းတွင် အနည်းဆုံး အကောင်ရေ ၁၀၀ ကျော်

သာကျန်ရှိ တော့သည်။ River Tean (ဒေသအခေါ် စင်ရော်ငှက်)သည် ချင်းတွင်းမြစ်တွင် အဓိကပျံ့နှံ့ကျက်

စားပြီး အထူးသဖြင့် ခနီးနှင့် ဟုမလင်းကြားတွင် အကောင်ရေအများဆုံး နေထိုင် ကျက်စားလျက်ရှိသည်။


          အဆိုပါဒေသတွင် ပူးပေါင်းအဖွဲ့သည် ၂၀၁၇ ခုနှစ်မှစ အသိုက်ဆောက်လုပ်သော ရာသီတွင် အ

သိုက်များ မပျက်စီးအောင်၊ ဥများမပျက်စီးအောင်၊ အကောင်ပေါက်များ မသေအောင်၊ လူနှင့် တိရ စာန် 

အနှောက်အယှက်ဘေး မခံရအောင်နှင့် အဓိကအကောင်အရေအတွက် တိုးပွားလာစေရန် ပူး ပေါင်းဆောင်

ရွက်နေသည်။ ယခုနှစ်တွင်လည်း မြစ်တွေးငှက်တို့၏ သားပေါက်ချိန်ရာသီ ရောက်လာပြီ ဖြစ် အရေးပါေ

သာ သဲသောင်ခုံများ၊ ကျွန်းများတွင် သတိပေးတားမြစ်ချက်များ၊ မေတ္တာရပ်ခံချက် ဆိုင်းဘုတ်များကို စိုက်

ထားပြီး ဖြစ်သည်။ ဒေသခံများနှင့် ပူးပေါင်းစောင့်ကြပ်၍လည်း ထိန်းသိမ်းစောင်ရှောက်မှုများ ပြုလုပ်နေ

ပါည်။

No comments:

Post a Comment