Monday 12 February 2018

ရွှေတိဂုံစေတီတော်မှ ဗိုလ်တထောင်ဘုရား အထိ လျှောက်လမ်းစနစ်ဖော်ဆောင်ရန် အဆိုပြုထား ရွှေတိဂုံစေတီတော်မှ ဗိုလ်တထောင်ဘုရား အထိ လျှောက်လမ်းစနစ်ဖော်ဆောင်ရန် အဆိုပြုထား ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ( YHT ) မီဒီယာ ပြန်ကြားရေး တာဝန်ခံ မနိုနိုအောင်ထံမှ သိရသည်။ “ လျှောက်လမ်းစနစ်ဆိုတာ အဓိကအားဖြင့် လမ်းလျှောက်သွားတဲ့ သူတွေ ၊ စက်ဘီးနဲ့ သွားတဲ့သူတွေ အဆင်ပြေအောင်လို့ပါ။ အဓိကရန်ကုန်မြို့မှာ စက်ဘီးသီးသန့်လမ်းမရှိဘူး။နောက်ပြီးလူသွားဖို့ ပလက်ဖောင်း တွေကလည်း အဆင်မပြေဘူး။ ဒါကြောင့် လျှောက်လမ်စနစ်ဖော်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကို အကြုံပြုထားပါတယ် “ ဟု မနိုနိုအောင်ကပြောသည်။ လျှောက်လမ်းစနစ်ကို ရွှေတိဂုံစေတီတော် ( တောင်ဘက်မုခ် ) မှ ရွှေတိဂုံဘုရားလမ်း အတိုင်း အလံပြဘုရား ၊ အလံပြဘုရားမှ ဗိုလ်ရာညွန့်လမ်း နှင့် ယောမင်းကြီးလမ်း ပတ်ဝန်းကျင် ၊ ထိုမှတစ်ဆင့် ဗိုလ်ချူပ် အောင်ဆန်းဈေးကိုဖြတ်ကာ ရွှေဘုံသာလမ်း တစ်လျှောက် ၊ ၄င်းနောက် ဆူးလေဘုရား ၀န်ကျင်းရှိ ဗိသုကာ လက်ရာများကို မဟာဗန္ဓုလပန်းခြံလမ်း ၊ ဘဏ်လမ်း ၊ ပန်းဆိုးတန်းအောက်လမ်း အတိုင်း ကြည့်ရှုနိုင်ပြီး ကမ်းနာလမ်း အတိုင်း ဗိုလ်တထောင်ဘုရား အထိ သွားလာနိုင်ရန်လျာထားသည်။ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် ၂၀၁၆ ခုနှစ် ရန်ကုန်မြို့ပြ အမွေ အနှစ် မဟာဗျူဟာကို စတင်ရေးဆွဲခဲ့ပြီး ယင်းမဟာဗျူဟာ၌ အကြုံပြုလိုသည်များ ရှိပါက ပါဝင်အကြုံပြုတင်ပြ ပေးရန် စီမံကိန်း စတင်ရေးဆွဲစဉ်မှ စ၍ ထည့်သွင်းရေးဆွဲထားခဲ့ခြင်းဖြစ်သဖြင့် ယခုကဲ့သို့ လျှောက်လမ်းစနစ်ကို လည်း ဖော်ဆောင်ရန် အဆိုပြုတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလျှောက်လမ်းစနစ်ဖော်ဆောင်နိုင်ရန် အဆိုပြုထားခြင်းများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် အကြုံပြုချက်များရှိပါက ပြည်သူများ အနေဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သို့ ပေးပို့နိုင်ကြောင်းသိရသည်။


No comments:

Post a Comment