Sunday 11 February 2018

မိုးမောက်မြို့နယ်မှ Stone Village အပန်းဖြေစခန်း လေ့လားရေးနှင့် အပန်းဖြေခရီးအတွက် နေရာသစ်ဖြစ်
လာနိုင် Stone Village အပန်းဖြေစခန်းမှာ ကချင်ပြည်နယ် ဗန်မော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်း
ရွာမှ ၁ မိုင်ခန့် အကွာတွင်တည်ရှိသည်။ Stone Village အပန်းဖြေစခန်းမှာ ဟူးကောင်ကုမ္ပဏီမှ စိုက်ခင်း
အဖြစ် ၂၀၀၅-၂၀၀၆ ခုနှစ်တွင် မိုးမောက်ကြိုးဝိုင်း သစ်တောအတွင်း ပိတောက်၊ ယမနေ၊ ပျဉ်းကတိုးပင်များဧက ၇၀ စိုက်ခင်းနှင့် မိုးမောက်ကြိုးပြင်မြေလွတ်မြေရိုင်းတောဧက ၁၀၀ စိုက်ခင်းအတွင်းနန့်ကျရီချောင်းပေါ်တွင် တည်ရှိသည်။ မိုးမောက်ကြိုးပြင်မြေလွတ်မြေရိုင်းတောဧက ၁၀၀ တွင် ကျွန်း၊ ငုပင်၊ ပိန္နဲ၊ တညင်းပင်နှင့် အရိပ်ရပင်းများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း Stone Village အပန်းဖြေစခန်းတာဝန်ခံ ဦးသိန်းဌေးက ပြောကြားသည်။ “ဒီစခန်းကကျောက်တုံးကျောက်ဆောင်တွေနှင့်ပြည့်နက်နေတော့ဒေသအခေါ်ကျောက်စခန်းလို့လည်းခေါ်ပါသည်။ အစိုးရရုံးပိတ်ရက်နဲ့ သီတင်းကျွတ်အခါ၊ ခရစ္စမတ်နေ့၊ သင်္ကြန်အခါ ကာလတွေမှာတော့ ကျောင်းသား ကျောင်းသူတွေ အလာများပါတယ်။ ၀င်ကြေးမကောက်ခံပါဘူး ဆိုင်ကယ်တစ်စီးကိုအပ်ခ ၅၀၀ ကောက်ခံပါတယ်” ဟု ဦးသိန်းဌေးက ဆက်လက်ပြေားကြားသည်၊ “ကျွန်မတို့ ဗန်မောက်မြို့ကိုလာတဲ့ ရပ်နီးရပ်ဝေးက ဧည့်သည်တွေကို ဒီအပန်းဖြေစခန်းကို ပို့ပေးဖြစ်ပါတယ်။ တောတောင်သဘ၀ရှုခင်းများ ဗန်မော် - လွယ်ဂျယ်လမ်းအတိုင်းသွားရတဲ့အတွက် လမ်းတစ်လျှောက်က လယ်ကွင်းကြီးများအတွင်း မိုးတွင်းမှာ ဖရဲ စိုက်ခင်းတွေကို စိုက်ပျိုးကြပါတယ်။ လမ်းဘေးဝဲယာ မှာစိုက်ခင်းမျိုးစုံကိုတ၀ကြီး ရှုစားရင်းနဲ့ တိုင်းရင်သားများဖြစ်တဲ့ ရှမ်း၊ ကချင်လူမျိုးများရဲ့ စကားပြောသံလေးများ နားဝင်ချိုမြစေမှာပါ” ဟုဗန်မော်မြို့မှ မခင်မှုံကပြောပါသည်။ Stone Village အပန်းဖြေစခန်းတွင် ကျောက်တုံး ကျောက်ဆောင်းများအား လေ့လာနိုင်ခြင်း၊ နက်ရှိင်းသောတောတောင်ကြီးများအားကြည်ရှုအပန်းဖြေနိုင်ခြင်းနန့်ကျရီချောင်းကိုဖြတ်၍ကြိုးတံတားတည်ဆောက်ပေးထားသည့်အတွက်တံတားကိုဖြတ်လျှောက်ရင်းအပန်းဖြေနိုင်ခြင်း၊ရေချိုအပန်းဖြေနိုင်ခြင်း တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါ Stone Village အပန်းဖြေစခန်းသို့ ဗန်မောက်မြို့မှ လွယ်ဂျန်လမ်းအတိုင်း သွားရပြီး မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာမှ တောင်ဘက်သို့ တစ်မိုင်ခန့်သွားရပြီး ဗန်မောက်မြို့မှ ၄၅ မိနစ်ခန့် ကြာ ဆိုင်ကယ်ဖြင့်အပန်းဖြေခရီးထွက်လိုသူများ အတွက် နေရာသစ်တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

FYI

No comments:

Post a Comment