Sunday 18 February 2018

ဆံတော်ရှင် သမိုင်းအကျဉ်း
ဗုဒ္ဓ မြတ်စွာဘုရား၏ဆံတော်များ ကိန်းဝပ်စံပါယ်တော်မူနေသော ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသည် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် (၃၆၁၅) ပေရှိ ပေါင်းလောင်းတောင် ချောက်ကမ်းပါးဘက်ခြမ်း တောင်စွန်းအငူ တွင် တည်းတည်းလေး တည်ရှိနေသော အံ့ဖွယ်ဘုရားတစ်ဆူဖြစ်ပါသည်။


တောတောင်အတွင်း သာယာအေးချမ်းနေပြီး ရေတံခွန်၊ စိမ့် စမ်း တောတောင် သားကောင်လေးများ ပျော်မြူးနေတတ်ပြီး ထီးရိုးလုပ်ရန်အတွက် အလွန်ကောင်းသော ၀ါးများ ပေါများစွာ ပေါက်ရောက်သည့်အတွက် ထီးရိုးတောင် ဟု တွင်ကျယ်လာပါသည်။ တောင်ရိုးပေါ်တွင် ဘုရားတည်ရှိနေသဖြင့် ကျိုက်ထီးရိုးတောင်ဟုလည်း ခေါ်ဆိုခဲ့ပါသည်။

ရာဇ၀င်အရ တိဿ ရသေ့ကြီးသည် သက်ရွယ်အိုမင်းကာ နိဗ္ဗာန်လားတော် မူမည်ကို ဆင်ခြင်သုံးသပ် မိကာ မြတ်စွာဘုရားရှင် ပေးသနားခဲ့သော ဆံတော်များကို ကေလာသရသေ့ကြီး၏ ဆံဓါတ်တော်များနှင့်အတူ မိမိဦးခေါင်းနှင့်တူသော ကျောက်လုံးတော်ကြီးအတွင်း ဌာပနာရန်ဆန္ဒ ဖြစ်ပေါ်လာပါသည်။


ရသေ့ကြီး၏ဆန္ဒအတိုင်း သိကြားမင်းမှ သမုဒ္ဒရာတွင်းမှ ရသေ့ကြီးဦးခေါင်းနှင့် အသွင်တူ ကျောက်တုံးကြီးအား ရှာပေးကာ ဆံဓါတ်တော်များကို အတွင်းတွင် ဌာပနာခဲ့ပါသည်။ နတ်သကြားတို့၏တန်းခိုးတော်ဖြင့် တောင်စွန်း အငူတွင် ကျောက်တုန်းကြီးအား တည်းတည်းလေးတင်ထားကာ ထိုအပေါ်တွင် စေတီတစ်ဆူကို တည်ထားကိုးကွယ်ရာမှ ရသေ့ရွက်သော ဘုရား ကျိုက်ထီးရိုး ဘုရားဟူ အမည်တွင်လာပါသည်။

No comments:

Post a Comment