Wednesday 14 February 2018

ကမ္ဘာအရှည်လျားဆုံး ကောင်ကင် ကေဘယ်လ်ကားလိုင်း ဗီယက်နမ်၌ဖွင့်လှစ် ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံးသောကျွန်းပေါ်တွင် ကမ္ဘာလှည့်ခရီးသွားများ လည်ပါတ်နိုင်မည့် နေရာတစ်နေရာအဖြစ် အလျား မီတာ ၈၉၀၀ ရှိ ကမ္ဘာ့အရှည်လျားဆုံး ကောင်းကင်ကေဘယ်လ်ကား(တောင်ပေါ် တောင်အောက်သယ်ဆောင်သောသံကြိုးဆွဲယာဉ်) ကို ဖွင့်လိုက်ပြီးဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်တွင်သတင်းထုတ်ပြန်သည်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကီယန်ကိုင် ပြည်နယ် ဖူကွတ်ကျွန်း၌ သွယ်သန်းထားသည့် ကောင်းကင်ကေဘယ်လ်ကားလိုင်းကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆန်းဂရုအမည်ရှိ ကုမ္ပဏီက ဖွင့်လှစ်ပေးခဲသည်။ အဆိုပါ ကေဘယ်လ်ကားလိုင်းသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သော ဖူကွတ်ကျွန်းရှိ ဟွန်သွန်းကျွန်းငယ်လေးနှင့် အန်သွိုင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။ အဆိုပါ ကေဘယ်လ်ကားလိုင်းစနစ်တွင် ကားအစီးရေ ၆၉ စီးပါဝင်ပြီး ဆန်းဝေါလ်ဟွန်သွန် သဘာဝသစ်တေားဥယျဉ်၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကမ္ဘာလှည့်ခရီးသွားများ အတွက် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

No comments:

Post a Comment