Friday 16 February 2018

ပင်လယ်ပြင်သို့ မျှော်ကြည့်ခြင်း

ခရီးသွားမိဘပြည်သူများအားလုံးအတွက် Sea , Sand, Sky and Sun ဟူသော ပထ၀ီဓါတ်ကြီး (၄ ) ပါးတို့က အပန်းဖြေခြင်းဝန်ဆောင်မှုကို ဆွဲဆောင်မျှော်လင့်နေပေသည်။
Sea ဟူသော ပင်လယ်ကမ်းခြေတ၀ိုက်တွင် Sand ဟူသော သဲဖြူနုနုလေးတွေကို ထိတွေ့နင်းချေလိုက်၊ ကြွင်းတူးကာ စိမ်လိုက်၊ ရေစပ်တလျှောက် ပြေးလွှားဆော့ ကစားလိုက်ပြုကာ Sky ဆိုသော ကောင်းကင်ပြာပြာကို မော့ကြည့်ရင်း မော့ကြည့်ရင်း လေကောင်းလေသန့်တို့ကို အားရပါးရ ရှူရိုက်ကာ Sun ဟူသောတေဇောဓါတ် အပူမီးကို အားရပါးရ ခံယူပြီး ဇိမ်တွေ့နေရသည်မှာ ပင်လယ်ကြီးကို ရောက်သူတိုင်း လုပ်နေကြဟု ထင်ပါသည်။
ခရီးသွားလောကကို ပြန်ကြည့်ပြန်တော့လည်း ရာခိုင်နှုန်း ၈၀ ကျော်ကျော်မှာ သဘာဝ ပင်လယ်ကြီးကို အရင်းပြုနေပြီး စားသုံးသူကော ၊ ရောင်းချသူပါ အကျိုးအမြတ်များခံစားနေလျှက်........



ပင်လယ်ပြင်ကြီးကတော့ သဘာဝအလှတရားကို ပိုင်ဆိုင်သူပီပီ အားမာန်အပြည့်နှင့် အသံတဝေါဝေါပေးလျှက် တမျီုး၊ လေပြေနုလေးများ ပေးလျှက်တဖုံ၊ ပန်းဆီရောင် အရောင်စုံလေးများချယ်သလျှက်တသွယ်၊ လတ်ဆတ်လှသော ပင်လယ်ဒေသထွက် အစားအသောက်အစုံစုံတို့နှင့် အမျိုးမျိုးကို မြူဆွယ်နေလျှက်......

တခါတရံမှာတော့ ရာသီဥတုအုံမှိုင်းပြီး မိုးဓါတ်လေးအငွေ့ရှိနေချိန် ကျောက်ဆောင်တန်းများ တည်ရှိနေသောနေရာဝန်းကျင်သို့ လှိုင်းများရိုက်ခတ်သည်ကို တွေ့မြင်ရသည့် မြင်ကွင်းမှာတော့ နတ်နဂါးကြီးတကောင်ကောင် စိတ်ဆိုးနေသရောင်ရောင် ပင်လယ်ပြင်ကြီးက ကြောက်စရာထင်မြင်ရပေသည်။
ရေဆင်းကစားလိုက်တိုင်း အခက်ခဲဆုံးအရာကတော့ ပင်လယ်ရေငန်များ ဗိုက်ထဲသို့ အလိုလို ၀င်သွားခြင်းပင်။ ကျယ်ပြောလှသော ပင်လယ်ကြီးမှ ရေများ အငွေ့ပျံကာ ဆားများကျန်ခဲ့ခြင်းကို သတိမမူမိပဲ ဘယ်သူများ ရေထဲဆားလာခတ်သွားသလဲဟု ထင်မြင်မိတာလည်း အကြိမ်ကြိမ်။

ကမ်းစပ်နဲရေလှိုင်းအလှကတော့ မြင်ကွင်းကျယ်ပိတ်ကားကြီး ကြည့်နေရသလို အလွန်လှပနေပါသည်။ ပထမဦးဆုံအကြိမ် ပင်လယ်ကြီးဆိုတာကို တွေ့ဖူးလိုက်တော့ စိတ်ထဲမှာ တခုခုခံစားရသလို၊ တခုခု လိုအပ်နေသလို၊ အရာရာအားလုံးပိုင်ဆိုင်မိသလိုလို၊ အကျယ်ပြန့်ဆုံးအရာကြီးကို ပိုင်ဆိုင်မိသလိုနှင့် အာမထိ လျှာမထိ ဘာလိုနေမှန်းကို မသိတော့ပဲ
အဆုံးသတ်ကို ရှာကြည့်လိုက်တော့မှ အဆုံးကိုရှာမရသလို
ပင်လယ်အလှဆိုတာဟာလည်း အဆုံးကို မရှိတော့ပါလားခင်ဗျာ။
ရေကိုထိတွေ့ရခြင်းသည် လူသားအားလုံးအတွက် ပျော်ရွှင်မှုကိုပေးနေပေသည်။

No comments:

Post a Comment